ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီက ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဝန်းနှင့် ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
ပျဉ်းမနား၊ စက်တင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီဟသွေးလူငယ်များနှင့် အမျိုးသမီးအဖွဲ့တို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ (၂၆-၉-၂၀၁၈) ရက်နေ့ နံနက် (၇း၃၀) နာရီတွင် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဝန်းနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး လုပ်အားဒါနပြုဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော် ၊ ပျဉ်းမနားမြို့နယ် ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဦးအောင်နိုင်စိုး၊ အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သီတာဦး၊ ပြည်ထောင်စုနယ်မြေ လူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထက်မင်းအောင်နှင့် ပျဉ်းမနား လူငယ်သီဟသွေးများ၊ အမျိုးသမီးအဖွဲ့ဝင်များ စုပေါင်းပါဝင်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ဆက်လက်၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့သည့် ပါတီဝင်များအဖွဲ့သည် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ဘုရားထံ ဝါဆိုသင်္ကန်း နှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပျဉ်းမနား ပြည်ခိုင်ဖြိုး ပါတီ