မြောက်ကိုရီးယားကို ဆက်လက်ပိတ်ဆို့မယ်လို့ ထရမ့် ပြောကြား

လက်နက်ဖြုတ်သိမ်းဖို့စီစဉ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ သတ္တိကို အမေရိကန်သမ္မတ Donald Trump က မနေ့က ချီးကျူးလိုက်ပေမဲ့ နျူကလီးယားမဖြုတ်သိမ်းမချင်း ဆက်လက်အရေးယူ ပိတ်ဆို့ထားရမှာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေတုန်းပါပဲလို့ ပြောကြားပါတယ်။

ဒုံကျည်တွေ၊ ဒုံးတွေဟာ အရပ်မျက်နှာအားလုံးမှာ မပျံဝဲတော့ဘဲ နျူကလီးယား စမ်းသပ်တာတွေ ရပ်ဆိုင်းလိုက်ရုံမက စစ်ရေးအဆောက်အအုံတချို့ ဖြုတ်သိမ်းလိုက်ပါပြီလို့ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန်သမ္မတ ထရမ့်က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး သူ့မိန့်ခွန်းထဲ ဒီနှစ် ထည့်သွင်းပြောကြားတာနဲ့ မနှစ်ကပြောခဲ့တာ လုံးဝကြီးဆန့်ကျင်လို့လည်း နေပါတယ်။ မနှစ်တုန်းကတော့ မြောက်ကိုရီးယားကို လုံးဝချေမှုန်းမယ်လို့ ခြိမ်းခြောက်ရုံမက နိုင်ငံ့ခေါင်းဆောင်ကိုလည်း အသေခံလုပ်ငန်းက ဒုံးကျည်လူသားလို့ လှောင်ပြောင်ခဲ့ပါတယ်။

-Re;RFA