ပြည်ခိုင်ဖြိုးပါတီ တာမွေမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့ကျင့်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိ

 

ရန်ကုန် စက်တင်ဘာ ၂၄

လာမည့် နိုဝင်ဘာ ၃ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲအတွက်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းဦးမျိုးဝင်းကျော်သည် မဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက် တွေ့ဆုံခဲ့သည်။

”ကျွန်တော်တို့ အခုရပ်ကွက် ၂ဝ ကိုလည်း ပန်းဖလက်တွေဝေ ရင်းနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် ကိုယ်စားလှယ်လောင်း ကျွန်တော် ကိုယ်တိုင်လိုက်ပြီး ဂါရဝပြုမိတ် ဆက်တယ်။ ကျွန်တော်တို့ကြားထဲ မှာတော့ ကြားဖြတ်လုပ်တာလေး တွေတော့ရှိတယ်။ မဲတံဆိပ်ပိတ် တာ မဲပေးတဲ့အခါတို့မှာ ဘယ်လို မျိုးပေးရမယ်ဆိုတာဘယ်လိုမဲပေး ရမယ်ဆိုတာ လူစည်ကားတဲ့လမ်း ဆုံလမ်းခွလေးတွေမှာလေ့ကျင့်ရေး လုပ်ငန်းတွေကိုလုပ်တယ်။ဒါလေး တွေကိုအဓိကထားလုပ်တယ်”ဟု ဦးမျိုးဝင်းကျော်က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မဲဆန္ဒနယ် ၁ဝ နေရာ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။

”ရှေ့လမှာတော့နည်းတစ်မျိုး နဲ့ နောက်လတွေမှာ ပုံစံတစ်မျိုး အမြဲတမ်း တစ်သမတ်တည်းတော့ မသွားဘူး။ ရှေ့လမှာဆို ပြောင်း မယ်၊ရှေ့လဆိုလပိုင်းတွေဖြစ်သွား မယ်။ အိမ်တွေမှာလိုက်စုပြီးစကား ပြောတာတို့ team ပါတီပုံစံမျိုး အိမ် တစ်အိမ်မှာစုပြီးစကားပြောတာတို့ ရှေ့လမှာ ဆက်သွားမယ်။နောက် ဟောပြောပွဲတွေလုပ်မယ်။ရပ်ကွက် ၂ဝ ကစည်းရုံးရေးမှူးတွေစုပြီး အဆင်ပြေမယ့် နေရာတစ်နေရာမှာ လူ၃ဝ၊ ၄ဝလောက်စုပြီး ဟောပြော ပွဲတွေလုပ်မယ်”ဟု ဦးမျိုးဝင်း ကျော်က ဆက်လက်ရှင်းပြသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေ ဖြင့် ယခုလ ၃ ရက်မှ စတင်၍ နိုဝင်ဘာ ၁ ရက်ထိ နံနက် ၆ နာရီမှ ည ၁၂ နာရီထိ မဲဆွယ် စည်းရုံးနိုင်မည်ဖြစ်ပြီး မဲဆွယ် စည်းရုံးရန် ရက်ပေါင်း ၆ဝ သတ် မှတ်ခွင့်ပြုထားပြီးဖြစ်သည်။

သစ်တော်