တောင်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် စက်တင်ဘာ (၂၃) ရက်နေ့မွန်းလွဲပိုင်းက ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှော ဖလှယ်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်အဆင့် ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ခိုင်ဖြိုးအဓိဋ္ဌာန်ပြု သီချင်းဖြင့် ပထမပိုင်းအခမ်းအနားအစီအစဉ်ကို ခေတ္တရပ်နားခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်း အနားအစီအစဉ်ကို ပြန်လည်စတင် ရာ အမျိုးသမီးသဘာပတိအဖွဲ့က နေရာယူခြင်း၊ တောင်ဥက္ကလာပ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီး ကိုယ်စားလှယ်များက ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးထားသော စာတမ်းခေါင်းစဉ်အလိုက် သဘာပတိ၏ ခွင့်ပြု ချက်ဖြင့် စာတမ်းများကိုဖတ်ကြား တင်ပြခဲ့ကြသည်။
ထို့နောက် တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သဘာပတိ ဒေါ်မြင့်မြင့်ကြည်က တိုင်းဒေသကြီး အမျိုးသမီးညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်အမည်စာရင်းကို ကြေညာခြင်း၊ ဆုံးဖြတ်ချက်များ ထုတ်ပြန်ခြင်းနှင့် နိဂုံး ချုပ်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားကို ‘ပြည်ခိုင်ဖြိုး ဟေ့’ သီချင်းသီဆို၍ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနား ပြီးမြောက်ကြောင်း ကြေညာခဲ့သည်။
အဆိုပါအခမ်အနားသို့ တိုင်း ဒေသကြီးပါတီကော်မတီဝင် တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီအတွင်းရေး မှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ရပ်/ကျေးပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အရန်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ယူဒီနေ