အစ္စရေးရဲ့ လွဲမှားတဲ့ သတင်းပေးပို့မှုကြောင့် စစ်လေယာဉ် ပစ်ချခံရတာဖြစ်တယ်လို့ ရုရှပြော

မော်စကို၊ စက်တင်ဘာ ၂၄

ဆီးရီးယားမှာ ရုရှစစ်လေယာဉ် ပစ်ချခံရတာဟာ အစ္စရေး လေတပ်ရဲ့ လွဲမှားတဲ့ သတင်းပေးပို့မှုကြောင့် ဖြစ်တယ်လို့ ရုရှက ပြောပြီး အစ္စရေးလေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုကိုလည်း ရှုတ်ချသွားပါတယ်။

စက်တငဘာ ၁၇ ရက်က စစ်သား ၁၅ ဦး လိုက်ပါတဲ့ ရုရှ Ilyushin-20 လေယာဉ်ကို ဆီးရီးယား လေကြောင်းရန် ကာဒုံးကျည်က ပစ်ချမိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ရလဒ်ကို ရုရှစစ်တပ် ပြောခွင့်ရသူ ကိုနာရှန်ကော့ဗ်က စက်တင်ဘာ ၂၃ ရက်မှာ သတင်းစာရှင်းလင်းတာ ဖြစ်ပါတယ်။

ဒါအပြင်လည်း အစ္စရေးတိုက်လေယာဉ်မှူးတွေဟာ ၎င်းတို့ တိုက်လေယာဉ်ထက် ပိုကြီးတဲ့ ရုရှရဲ့ Il-2 လေယာဉ်ကို ကာဗာယူခဲ့ကြောင့် ဆီးရီးယားရဲ့ ဆိုဗီယက်ခေတ် S-200 လေကြောင်းရန်ကာစနစ်က ရုရှ လေယာဉ်ကို ပစ်မှတ်အဖြစ် မှတ်သားမိပြီး ပစ်ချမိခဲ့တာဖြစ်တယ်လို့ မော်စကိုက စွပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ အစ္စရေးက ငြင်းဆန်ထားကာ လေယာဉ်ပစ်ချခံရမှု ဖြစ်သွားပြီးနောက် မကြာမတင်ဘဲ အစ္စရေးလေတပ်စစ်ဦးစီးချုပ်က ရုရှနိုင်ငံထံ သွားရောက်ဖြေရှင်းမှု ပြုလုပ်ခဲ့ပါတယ်။

သမ္မတ ပူတင်ကတော့ ခုစစ်လေယာဉ် ပစ်ချခံရမှု ဖြစ်ရပ်ဟာ ၀မ်းနည်းစရာ မတော်တဆဖြစ်ရပ်လို့ ပြောခဲ့ပါတယ်။

ဒီ ရုရှစစ်လေယာဉ် ပစ်ချခံရမှုဟာ ၂၀၁၅ ခုနှစ်က ဆီးရီးယားမှာ ရုရှစစ်ရေးပါဝင်ခဲ့ချိန်က စပြီး ဆီးရီးယားနဲ့ အဓိက ကျောထောက်နောက်ခံ ရုရှကြား အသေအဆုံးအများဆုံးဖြစ်တဲ့ မှားယွင်း ပစ်ခတ်မှုပဲ ဖြစ်ပါတယ်။

-Ref; AFP