သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အာဟာရဒါနလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အလှူရှင်မိသားစုတို့က သရောတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် အာ ဟာရဒါနကျွေးမွေး လှူဒါန်းခြင်း ကို ယမန်နေ့ နံနက် ၈ နာရီက ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့လှူဒါန်းကျွေးမွေးရာ တွင် သုံးခွမြို့ နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ကော်မတီဝင်ဦးကျင်ဝင်း၊ ဦသိန်း အောင်၊ သုံးခွမြို့အမှတ်(၁)ရပ် ကွက်နေ ဦးမိုးသက်-ဒေါ်သီတာ၊ (ဖြိုး-ဆေးဆိုင်) မိသားစုတို့က ကျောင်းသားကျောင်းသူ ၂ဝဝ ကျော်တို့အား မုန့်ဟင်းခါးနှင့် သကြားလုံးများ ကျွေးမွေးလှူဒါန်း ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသားမိဘများက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။

ကြည်စိုးလွင်(သုံးခွ)