လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များနှင့် အမှတ် (၁၈) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များနှင့် အမှတ် (၁၈) ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား လှိုင်သာယာမြို့နယ် အမှတ် (၁၈) ရပ်ကွက် အိမ်အမှတ် (၅၅၇ – ခ) အနော်မာလမ်း ပါတီဝင်အမာခံ ဦးမောင်မောင်တာ နေအိမ်တွင် ပါတီတွေ့ဆုံပွဲအခမ်းအနားအား စက်တင်ဘာ (၂၃) ရက်နေ့မွန်းလွဲ ၁ နာရီတွင် ပါတီဝင်အင်အား ၅ဝ နှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်နယ်မြေတာဝန်ခံ ဦးမြင့်သိန်း၊ အမှတ် (၁၈) ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အမျိုးသမီးထုများ၊ လူငယ်ပါတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြသည်။ အခမ်းအနားပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယုက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်က ပါတီ၏လုပ်ငန်းစဉ်များကို အကျယ်တဝံ့ဆွေးနွေးသည်။ တက်ရောက်လာသည့် ပါတီဝင်များမှ မိမိတို့၏သိရှိလိုသည့် အချက်အလက်များအား မေးမြန်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အမှတ် (၁၈) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီအဆိုပြုလွှာများအား လက်ခံပြီး ပါတီဝင်အသိအမှတ်ပြုကတ်ပြားများကို ပေးအပ်ခဲ့ပြီး အမှတ် (၁၈) ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးဝင်းငြိမ်းက တက်ရောက်လာသည့် ပါတီဝင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

မြင့်သိန်း(လှိုင်သာယာ)