မကွေးတိုင်းဒသကြီး ပါတီကော်မတီနှင့် မကွေးခရိုင် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
မကွေး၊ စက်တင်ဘာ၊ ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး ပါတီကော်မတီနှင့် မကွေးခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်၁၀ နာရီအချိန်က တိုင်းဒေသကြီးပါတီအစည်းအဝေးခန်း မ၌ ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးမှ ပါတီဌာနချုပ်၏ လမ်းညွှန်ချက်များနှင့် တိုင်းဒေသကြီးပါတီကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်မှ ပါတီဌာနချုပ်နှင့် မြို့နယ်ပါတီများမှဝင်စာများ၊ မျက်မှောက်နိုင်ငံရေးအခြေအနေများအား ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ တက်ရောက်လာသူများမှ မိမိတို့နယ်မြေအလိုက် စည်းရုံးလှုပ်ရှားဆောင်ရွက်နေမှုများ၊ နယ်မြေအခြေအနေများ၊ သိရှိလိုသည်များ၊ အကြုံပြုချက်များ တင်ပြဆွေးနွေးကြပါသည်။ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ပြန်လည်ရှင်းလင်း ညှိနှိုင်းဆွေးနွေးကြပြီး မွန်းတည့် ၁၂ နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်းနှင့် အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊
အတွင်းရေးမှူး ဒေါ်စန္ဒာလွန်းမြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းဇော်