ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ကောလင်း စက်တင်ဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒသကြီးကော်မတီဝင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ကိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ ကောလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ ပါတီအတွင်းရေးမှူး ဦးအောင်စိုးနိုင်နှင့် ပါတီကော်မတီဝင်များ၊ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေး (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၈/၂ဝ၁၈) သင်တန်းသားများ စုပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီတွင် ကောလင်းမြို့ ကျော်ဇေယျာ (၁) ရပ်ကွက်ရှိ သုနန္ဒာရာမကျောင်းတိုက် ဆရာတော် ဦးသုနန္ဒအား ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဝတ္ထုငွေများ ဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုင်းလူမင်း