ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၀ါဆိုသင်္ကန်း ဆက်ကပ်မှုနှင့် ကျောင်းပရ၀ုဏ်သန့်ရှင့်ရေး လုပ်အားဒါနပြုလုပ်

 

၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ပါတီဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် သာသနာ့ဗိမ္မာန် ဘုန်းတော်ကြီးကျောင်း၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင် ပရ၀ုဏ်သန့်ရှင်းရေး လုပ်အားဒါနပြုလုပ်ခြင်းများ ဆောက်ရွက်ခဲ့ကြပါသည်။

အဆိုပါလှူဒါန်းမှုတွင် ကျောင်းထိုင်ဆရာတော်အား ၀ါဆိုသင်္ကန်း၊ န၀ကမ္မအလှူငွေနှင့် ဆွမ်းခဲဖွယ် ဘောဇဉ် အဟာရ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုဒ်သီလဆောက်တည်သူများအား ဆွမ်းကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြ ပြီး ကျောင်းပတ်ဝန်းကျင် ပရ၀ုဏ်သန့်ရှင်းရေးအတွက် စုပေါင်းလုပ်အားဒါန ဆောက်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါ လှူဒါန်းရာသို့ ဗဟိုကော်မတီဝင် ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (စစ်တွေမြို့နယ်တာဝန်ခံ)၊ စစ်တွေခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်စိုး၊ ခရိုင်ကော်မတီဝင် ဦးမောင်သိန်းခိုင် (စစ်တွေမြို့နယ်တာဝန်ခံ) တို့မှ တက်ရောက်ချီးမြှင့် ခဲ့ကြပြီး စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်၊ အတွင်းရေးမှူး ဦးဘိုသံဒိုင်နှင့် ဘဏ္ဍာရေးမှူး ဦးအေးချမ်း၊ လူငယ်ရေးရာတာဝန်ခံ ဦးအောင်စစ်မင်း၊ မီဒီယာတာဝန်ခံ ဦးကျော်သာနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများမှ မြို့နယ်ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ လှူဒါန်းမှုနှင့် လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြပါ သည်။

USDP (Sittwe)