ချန်ပီယံလိဂ်အသင်းများ ဆုကြေးငွေ တိုးမြှင့်ရရှိမည်

ယနေ့ညတွင် ချန် ပီယံလိဂ်ပွဲစဉ်များ စတင်ပြီဖြစ်ကာ ပါဝင်ယှဉ်ပြိုင်သော အသင်းများအနေဖြင့် ဖလားရရှိရေးသာ အဓိကမဟုတ်ဘဲ ဥရောပဘောလုံးအဖွဲ့ချုပ်က ယမန်နှစ်ကထက် ဆုကြေးငွေများ တိုးမြှင့်ထားသဖြင့် နိုင်ပွဲများစွာ ရရှိခြင်းကလည်း အရေးပါမည်ဖြစ်သည်။

ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပါဝင်သော ၃၂ သင်းစလုံး ဆုကြေေးငွ အများအပြားရရန် အခွင့်အရေးရှိနေပြီး အုပ်စုအဆင့်သို့ ရောက်လာသည့်အသင်းတိုင်း ယူရို ၁၅ ဒသမ ၂၅ သန်းရရှိမည်ဖြစ်သည်။

ယင်းမှ နိုင်ပွဲရလျှင် ယူရို ၂ ဒသမ ၇ သန်း ထပ်မံရရှိမည်ဖြစ်ကာ သရေပွဲအတွက်  သုညဒသမ ၉ သန်း ရမည်ဖြစ်သည်။ ထို့ကြောင့် အုပ်စုအဆင့်တွင် နိုင်ပွဲ ခြောက်ပွဲရရှိသော အသင်းသည် ယူရို ၁၆  ဒသမ ၂ သန်း ရရှိမည်ဖြစ်သည်။

(၁၆) သင်းအဆင့် ရောက်ရှိသောအသင်းများ ယူရို ၉ ဒသမ ၅ သန်း၊ ကွာတား ဖိုင်နယ်ရောက် အသင်းများ ၁၀ ဒသမ ၅ သန်း၊ အကြို ဗိုလ်လုပွဲရောက် အသင်း များ ယူရို ၁၂ သန်းစီနှင့် ဗိုလ်လုပွဲရောက် နှစ်သင်းသည် ယူရို ၁၅ သန်းစီ ရရှိမည်ဖြစ်ကာ ဗိုလ်စွဲပါက နောက်ထပ်ယူရိုလေးသန်း ရရှိမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက အုပ်စု အဆင့် ယူရို ၁၂  ဒသမ ၇ သန်း နိုင်ပွဲတစ်ပွဲ ယူရိုတစ်သန်းခွဲနှင့် သရေပွဲယူရို သုည ဒသမ ၅ သန်း ရရှိသည်။

—Ref: Marca