ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – ဦးနေမျိုးအောင်

ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပညာအရည်အချင်း – B.A (Eco)

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မဲဆန္ဒနယ်အမှတ် (၂)

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်၏ ကိုယ်ရေးအကျဉ်း
————————————————————————

ဦးနေမျိုးအောင်ကို ရန်ကုန်မြို့၌ အဖ ဦးသိန်းအောင်၊ အမိ ဒေါ်မြမေတို့မှ ၁၉၆၅ ခုနှစ် သြဂုတ် ၂၁ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ သားတစ်ဦး၊ သမီးတစ်ဦးရှိပြီး သားဖြစ်သူမှာ ဆေးတက္ကသိုလ် တတိယနှစ်တွင် ပညာသင်ကြားနေပြီး သမီးဖြစ်သူမှာ အမျိုးသားစီမံခန့်ခွဲမှု ဒီကရီကောလိပ်တွင် ပထမနှစ် စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ယူလျက်ရှိပါသည်။ ဦးနေမျိုးအောင်သည် ယခုအခါ ဆိပ်ကမ်းမြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ဘုရားဝန်ထမ်းလိုင်း လိုင်း (၁)၊ အခန်း (၃) တွင် နေထိုင်လျက်ရှိသည်။
ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းနှင့် လူမှုရေးလုပ်ငန်းများ ဦးနေမျိုးအောင်သည် မူလတန်းအရွယ်မှစ၍ တေဇလူငယ်/ရှေ့ဆောင်လူငယ်/လမ်းစဉ် လူငယ်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ဆိပ်ကမ်းမြို့နယ် ရဲရိပ်သာရပ်ကွက်၏ အရန်မီးသတ်တပ်ဖွဲ့၏ တပ်စုတပ်ကြပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဆိပ်ကမ်းမြို့နယ်တွင် အလုပ်အမှုဆောင် အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ၂ဝ၁၀ ပြည့်နှစ်တွင် ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒရှင်များမှ ရွေးချယ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ၂ဝ၁၆ ခုနှစ်တွင် ဆိပ်ကမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌအဖြစ် ဆန္ဒမဲပေး ရွေးချယ်ခြင်းခံခဲ့ရပါသည်။ လမ်းစဉ်လူငယ်ဘဝတွင် ဗဟိုနိုင်ငံရေးတက္ကသိုလ်၌ လမ်းစဉ်လူငယ် ခေါင်းဆောင်သင်တန်းအမှတ် (၂ဝ) ခေါင်းဆောင်မွမ်းမံသင်တန်း အမှတ်စဉ် (၂၂) တို့ကိုလည်း တက်ရောက်ခဲ့ပါသည်။

ပြည်သူ့အနာဂတ် ပိုမိုတောက်ပဖို့ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲစို့