ပက်ကွီအိုနှင့် ထပ်မံထိုးသတ်မည်ဟု မေဝယ်သာ ကြေညာ

လက်ဝှေ့လောက မှ အနားယူကြောင်း တစ်ကြိမ်မက ကြေညာခဲ့သော်လည်း အမေရိကန် လက်ဝှေ့ကျော်ဖလွိုက်ဒ် မေဝယ်သာက ပြိုင်ဘက်ဟောင်း မန်နီပက်ကွီအိုနှင့် ယခုနှစ်မကုန် မီ ထပ်မံထိုးသတ်မည်ဟု ကြေ ညာသည်။

ရာစုနှစ်တစ်ခု၏ အကျော် ကြားဆုံး လက်ဝှေ့ပွဲဖြစ်ခဲ့သော ၎င်းတို့နှစ်ဦး ထိုးသတ်မည့်ပွဲကို ယခုနှစ်မကုန်မီ ထပ်မံမြင်တွေ့ရမည်ဟု မေဝယ်သာကပြောသည်။ ‘‘ကျွန်တော် မန်နီပက်ကွီအိုနဲ့ ဒီနှစ်မှာ ထပ်ပြီးထိုးသတ်မှာပါ။ နောက်ထပ်ဂဏန်းကိုးလုံး ငွေရမယ့်နေ့ တစ်နေ့ပေါ့’’ဟု မေဝယ်သာက ကြေညာသည်။

ဘက်စုံသုံးကိုယ်ခံပညာရှင် မက်ဂရီဂေါ်နှင့် ထိုးသတ်ပြီးနောက် လက်ဝှေ့ကြိုးဝိုင်းသို့ ထပ်မံခြေချတော့မည် မဟုတ်ဟု မေဝယ်သာ (၅၁) နှစ်က ယခင်က အခိုင်အမာ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ လွှတ်တော်အမတ် တစ်ဦးဖြစ်သော ပက်ကွီယို (၃၉)နှစ်သည် ပြီးခဲ့သည့် တစ်နှစ်က နောက်ဆုံး ထိုးသတ်မှုအဖြစ် လူးကပ်စ်မက်သီ ဆီနှင့် ထိုးသတ်ခဲ့သည်။

ပက်ကွီအိုသည် ၂၀၁၅ က မေဝယ်သာနှင့် ထိုးသတ်ရာတွင် ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲ၌ ၎င်းတို့ နှစ်ဦးသည် ကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့သည်။  

—Ref: Marca