ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီပုံမှန်အစည်းအဝေးပွဲကျင်းပ

 

ကြို့ပင်ကောက် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး၌ ပုံမှန်လစဉ်အစည်းအဝေးကို ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းဇော်ထွန်းတက်ရောက်ကာ ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး ခရိုင်ပါတီကော်မတီဝင် ဦးကျော်မင်းထွန်းကလည်း ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်စိုးနှင့် မြို့နယ်ပါတီကော်မတီဝင်ဦးသိန်းစိုးက ဆွေးနွေး၍ ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လွင်က ”မြို့ နယ်ပါတီဥက္ကဋ္ဌများမှ ပြည်သူများသိသင့်သိထိုက်သော ရွေး ကောက်ပွဲများကျင်းပပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားစေလို ကြောင်းနှင့် ယနေ့ပကတိအခြေအနေများအား ပြည်သူများ သိစေ လိုပါကြောင်း”စသည်ဖြင့် ပြောကြားခဲ့ကြပြီး တက်ရောက်လာသူ များက သိလိုသည်များကိုမေးမြန်းရာ တိုင်းဒေသကြီးပါတီ ကော် မတီဝင်ကရှင်းလင်းပြီး ယင်းနေ့အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)