မြန်မာ့ပင်လယ်ရေပြင်အတွင်း ပလတ်စတစ်ပါဝင်မှုနှုန်း နော်ဝေးနိုင်ငံအကူအညီဖြင့် ပထမအကြိမ်လေ့လာ

မြန်မာ့ရေပြင်အတွင်း  ပလတ်စတစ်ပါဝင်ခြင်းနှင့်မြန်မာ နိုင်ငံငါးသယံဇာတတည်ရှိမှုပမာ ဏတိုင်းတာလေ့လာရန် ရောက်ရှိနေသည့် နော်ဝေးနိုင်ငံမှသုတေ သနရေယာဉ် Dr.Fridtjof Nansen မိတ်ဆက်ပွဲအခမ်းအနား  ကို ရန်ကုန်မြို့မြန်မာ့စက်မှုဆိပ်ကမ်းတွင် စက်တင်ဘာ ၁၂ ရက် ညနေကပြုလုပ်ခဲ့သည်။  အဆိုပါ သုတေသန ရေယာဉ်သည် ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံပိုင်နက်ရေပြင်အတွင်း ငါးသယံ ဇာတများ လေ့လာနိုင်ရန်သြဂုတ် တတိယပတ်၌ ရောက်ရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အချက် အလက်များတွင် ဖော်ပြသည်။

‘‘ဒီနှစ်အတွက် ထူးထူးခြား ခြားလေ့လာမှုပေါ့။ ပလက်စ တစ်လေ့လာမှုက မြန်မာနိုင်ငံအတွက် ဒါပထမဆုံးပါပဲ။ ဒီနှစ်မှာ  microplasticကို လေ့လာတဲ့အခါမှာရေထုထဲမှာ ပလတ်စတစ်ပါဝင်မှု ဘယ်လောက်ရှိသလဲ၊နောက်တစ်ခါ ငါးတွေရဲ့ အစာအိမ်ထဲမှာဘယ်လောက်ရှိသလဲ၊ နောက်ပြီးတော့ ဒီငါးတွေအသား အထဲမှာ ဘယ်လောက်ရှိသလဲ အထိ ဆန်းစစ်လေ့လာမှာပါ’’ဟု Local Team Leader ဒေါက်တာ  ထွန်းသိန်းက ပြောသည်။  ထို့အပြင် မြန်မာ့ ရေပိုင်နက်  အတွင်းရှိ ငါးသယံဇာတတည်ရှိ မှုပမာဏတိုင်းတာခြင်း၊ ရေငန် ဂေဟဆိုင်ရာ အချက်အလက်များ သုတေ သနပြုခြင်း၊ ငါးများ၏ ဥနှင့်သားလောင်းများ ပျံ့နှံ့တည်ရှိမှု သုတေသနလုပ်ဆောင်နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ် ၀ကျွန်းပေါ်တွင် သုတေသန ဆောင်ရွက်ထားပြီး စက်တင်ဘာ  ၁၄ ရက်မှ ၂၉ ရက်အထိတနင်္သာ ရီကမ်းရိုးတန်းတွင် သုတေသန ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။ ကနဦးတွေ့ရှိချက်အရ ရခိုင်နှင့်  ဧရာဝတီကို နှိုင်းယှဉ်ပါက ရေထု ထဲတွင် micro plastic ပါဝင်မှုနှုန်း သည် ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ပိုမိုမြင့်မားသည်ကို တွေ့ရ ကြောင်း ဒေါက်တာထွန်းသိန်းက ရှင်းပြသည်။

‘‘တစ်ဖက် ရေပြင်တွေက ရေစီးကြောင်းအရ တို့ဆီကို ရောက်တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကျွန်တော်တို့ဆီကပဲ ထွက်တာလည်းဖြစ်ချင် ဖြစ်နိုင်တယ်။ တွေ့ရှိချက်တွေကို နော်ဝေးနို င်ငံမှာ ဓာတုဗေဒဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေလုပ်မယ်။ ပလတ်စတစ်က ဘယ်လောက်အထိပါနေသလဲ၊ မာကျူရီက ဘယ်လောက်ပါနေသလဲ၊ ဓာတုဗေဒဆိုင်ရာဓာတ်တွေဘယ် လောက်ပါ နေသလဲ ဆိုတာကို ကျွန်တော်တို့ တိုင်းတာသွားမှာ ဖြစ်ပါတယ်’’ ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုညွှန်ကြားရေးမှူးလည်းဖြစ် သည့် ဒေါက်တာထွန်းသိန်းက ပြောသည်။ 

သုတေသနခရီးစဉ်အတွင်း   ငါးလုပ်ငန်းဦးစီးဌာနမှ သုတေသနအရာထမ်း၊ အမှုထမ်းများ၊ တက္ကသိုလ်များမှ ပညာရှင် ခြောက်ဦး၊ သားငှက်ထိန်းသိမ်း ရေးအဖွဲ့မှ နှစ်ဦး၊ တပ်မတော်ရေမှ တစ်ဦး၊ နော်ဝေးမှ ပညာရှင်ရှစ် ဦးတို့ ပူးပေါင်းဆောင်ရွက်နေသည်။ ယင်းသုတေသန လုပ်ငန်း၏ ရလဒ်အတိအကျအတွက်မူ အချိန်ငါးလခန့် ယူရမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိ သူများကပြောသည်။  ယင်းသုတေသနရေယာဉ် သည် မြန်မာနိုင်ငံသို့ ၁၉၇၉၊ ၁၉၈၀၊ ၂၀၁၃ နှင့် ၂၀၁၅ တို့တွင်  ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက် ပျိုးရေးအဖွဲ့ (FAO) စီမံကိန်းအဖြစ်လာေ ရာက်ကာ မြန်မာ့ရေပိုင် နက်အတွင်း သုတေသနလုပ် ဆောင်ခဲ့ပြီး ယင်းသုတေသနရ လဒ်များအခြေခံ၍ အစိုးရကငါး လုပ်ငန်းစီမံခန့်ခွဲမှုကို ဆောင် ရွက်နေသည်။ 

အဆိုပါ အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့တာဝန်ရှိသူများ၊ သံအမတ်များနှင့် ၀န်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့သည်။ နှစ်နိုင်ငံ  ပူးပေါင်းပြုလုပ်သည့် သုတေသန အစီအစဉ်သည် ရေပြင်နှင့် ရေသယံဇာတကို မှီတည်လုပ်ကိုင်နေရ သူများအတွက်သာမက မြန်မာလူထု အတွက်များစွာအကျိုးရှိနိုင် မည်ဖြစ်ကြောင်း ၀န်ကြီး ဒေါက်တာအောင်သူက အခမ်းအနားတွင်ပြောကြားသည်။ Dr Fridtjof Nansen သုတေသန ရေယာဉ်သည် မြန်မာ နိုင်ငံတွင်သုတေသနကာလပြီး ဆုံးပါကထိုင်းနိုင်ငံသို့ သုတေသန ပြုလုပ်ရန် ထွက်ခွာမည်ဖြစ်သည်။