မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
မကွေး၊ စက်တင်ဘာ ၁၁
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ပါတီ
အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ကြကာ မွန်းလွဲ ၂ နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မင်းဇော်