ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် စာရေးကိရိယာများ လှူဒါန်း

 

ပန်းတနော်၊ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်မိုးအေးနှင့် ရုံးအဖွဲ့ဝင်များသည် အမျိုးသမီးညီလာခံ (၂ဝ၁၈) အားကြိုဆိုထောက်ခံသည့်အနေဖြင့် ပန်းတနော်မြို့နယ် ဆပ်သေကျေးရွာအုပ်စု ဘုရားကြီးဒေါင့်ကျေးရွာရှိ ရွှေဇင်အေးဘုန်းတော်ကြီးသင်ပညာရေးမူလတန်း (လွန်) ကျောင်းမှ ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ် များလှူဒါန်းပွဲကို ယနေ့နံနက်၁ဝနာရီက အဆိုပါကျောင်းတွင်ပြုလုပ် ခဲ့ကြောင်း သိရသည်။

မောင်ခိုင်ဖြိုး(ပန်းတနော်)