ဝါရှင်တန်က ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ရုံးကို ပိတ်ပစ်မယ်လို့ အမေရိကန် ကြေညာ

ဝါရှင်တန်၊ စက်တင်ဘာ ၁၁

ဝါရှင်တန်မှာ အခြေစိုက်ထားတဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO ရုံးကို ပိတ်ပစ်မယ်လို့ အမေရိကန်က စက်တင်ဘာ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။

အစ္စရေးနဲ့ တိုက်ရိုက်အဓိပ္ပာယ်ပြည့်ဝတဲ့ စေ့စပ်ညှိနှိုင်းရေးတွေ စတင်ဖို့ လုပ်ဆောင်ခြင်း မရှိလို့ စွပ်စွဲကာ ခုလို ကြေညာလိုက်ခြင်းလည်း ဖြစ်ပါတယ်။

“နှစ်ဦးနှစ်ဖက် သဘောမညီမျှတာတွေကို အစ္စရေးနဲ့အတူ ဖြေရှင်းဖို့ကို ပါလက်စတိုင်းတို့ဖက်က လုပ်ဆောင်ခြင်း မရှိတာကြောင့် PLO ရုံးအပေါ် ပြန်လည်သုံးသပ်ပြီး အမေရိကန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဖြစ်လာရတာပါ။”လို့ နိုင်ငံခြားရေးဝန်ကြီး ဟတ်တာနျူအက်က ပြောပါတယ်။

“နောက်ပြီးတော့လည်း ပါလက်စတိုင်း ခေါင်းဆောင်တွေဟာ သူတို့ မြင်တွေ့သိရှိရခြင်း မရှိသေးတဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း ရှုတ်ချနေတယ်။ ငြိမ်းချမ်းရေး အားထုတ်မှုတွေနဲ့ အခြားကိစ္စရပ်တွေအပေါ် လေးစားပြီး အမေရိကန်နဲ့ လက်တွဲဖို့ကိုလည်း ငြင်းဆန်ကြတယ်။”လို့ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

သူ့အနေနဲ့ လက်ရှိအထိ အတိအလင်း ထုတ်ပြန်မရသေးတဲ့ ထရမ့်အစိုးရရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ရည်ညွှန်းပြီး ပြောသွားတာပဲ ဖြစ်ပါတယ်။

“ပါလက်စတိုင်းနဲ့ အစ္စရေြးားမှာ တိုက်ရိုက်ဆွေးနွေးမှုတွေကပဲ ရှေ့ဆက်တိုးနိုင်မယ်လို့ အမေရိကန်က ယုံကြည်ထားဆဲ ဖြစ်ပါတယ်။”လို့လည်း နျူအက်က ပြောခဲ့ပါတယ်။

-Ref; AFP