အႀကီးမားဆံုး ၾသစေၾတးလ် ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံ ပထမအကြိမ် ပါဝင်

ဩစတြေးလျနိုင်ငံ၏ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှုဖြစ်သော မဟာဗျူဟာ မြောက် ဒါဝင်ဆိပ်ကမ်းမြို့ ကမ်းလွန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ၂၇ နိုင်ငံမှ တပ်ဖွဲ့ဝင် ၃,၀၀၀ကျော်ေ လ့ကျင့်စဉ် တရုတ်နိုင်ငံသည် ယင်းလေ့ကျင့်မှု၌ ပထမအကြိမ် ပါဝင်ဆင်နွှဲနေသည်။

‘ကာကာဒူ’ အမည်ရှိ ယင်း ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် အင်ဒို-ပစိဖိတ်ဒေသ တစ်ခွင်မှ သင်္ဘော ၂၃ စီးနှင့် ရေငုပ်သင်္ဘော များ ပါဝင်ပြီး ပူးတွဲလေ့ကျင့်မှုက နိုင်ငံတကာရေပြင်များ၌ ပဋိပက္ခ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်နှင့် သဘာဝဘေးလျော့ပါးသက်သာရေး ပူးပေါင်းဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် ရင်းနှီး ချစ်ကြည်မှုများ ရစေသည်။

စစ်ရေးလေ့ကျင့်မှုတွင် Huangshan တရုတ်ရေတပ် သင်္ဘောသည် ဩစတြေးလျတော် ဝင်ရေတပ်သားနှစ်ဦးကို လက်ခံခဲ့ကြောင်း ဩစတြေးလျဖရီးဂိတ် HMAS Newcastle သင်္ဘော၏ တပ်မှူး အန်နီတာဆယ်လ်လစ်ခ် က ပြောသည်။

စစ်ရေးလေ့ကျင့်မှုအတွင်း နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရာ၌ အပြန်အလှန် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း ဩစတြေးလျ ဒုတိယရေတပ်ဗိုလ် ချုပ်ကြီး ဂျိုနသန်မိဒ်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည့် ပူးတွဲစစ်ရေးလေ့ ကျင့်မှုကို ဩစတြေးလျတော်ဝင် လေတပ်က ကူညီထောက်ပံ့ပေးခဲ့ပြီး ယင်းတွင် လေယာဉ် ၂၁ စီး ပါဝင်သည်။

အာရှဝင်ပေါက်၊ ထွက်ပေါက်ပေါ်တွင် တည်ရှိသော ဒါဝင်မြို့သည် ဩစတြေးလျ၏ မဟာဗျူဟာမြောက် အရေးအပါ ဆုံးမြို့ဖြစ်ပြီး ၂၀၁၁ ကတည်းက ယင်းစစ်ရေး လေ့ကျင့်မှုအတွက် ရိက္ခာပစ္စည်းများ ထောက်ပံ့ရာ နေရာဖြစ်သည်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ ချီလီ၊ ဖီဂျီ၊ ပြင်သစ်၊ အိန္ဒိယ၊ မလေးရှား၊ နယူးဇီလန်၊ ပါကစ္စတန်၊ ပါပူးဝါးနယူး ဂီနီ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ အရှေ့တီမော၊ တွန်ဂါ၊ ယူအေအီး၊ အမေရိကန်၊ ဩစတြေးလျနှင့် ဗီယက်နမ်နိုင်ငံတို့ သည် ကာကာဒူ စစ်ရေးလေ့ကျင့် မှုတွင် ပါဝင်ဆင်နွှဲနေသည်။

—Ref: Reuters