၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလွှတ်တော်နေရာ၌ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
အမည် – ဦးစိုင်းအောင်ကြည်
လူမျိုး/ဘာသာ – ရှမ်း၊ ဗုဒ္ဓ
အသက် – ၅၇ နှစ်(၂၀.၉.၁၉၆၁)
မွေးဇာတိ – ဆင်ဖြူအင်းကျေးရွာ၊ ပန်းဦးတောင်အုပ်စု၊ ပြင်ဦးလွင်မြို့နယ်။
ပညာအရည်အချင်း – LL,B
အလုပ်အကိုင် – တရားလွှတ်တော်ရှေ့နေ(မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်နှင့် AGD ဘဏ်များ၏ရှေ့နေ)
အဖအမည် – ဦးသြဘာ
အမိအမည် – ဒေါ်လှ
ဇနီးအမည် – ဒေါ်သီတာလွင်
သား/သမီး -အင်ဂျင်နီယာဘွဲ့ရ၊ အလုပ်သင်ဆရာဝန်၊ ဆေးကျောင်းတတိယနှစ် အပါအဝင်သားသမီး (၄) ဦး
ပါတီတာဝန် – တိုင်းဒေသကြီးပါတီကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မန္တလေးတိုင်းဒေသကြီး။
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလွှတ်တော်
——————————————————————-
ဦးစိုင်းအောင်ကြည်အား ရှမ်းတိုင်းရင်းသား မိဘနှစ်ပါးမှ ၁၉၆၁ – ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် ပန်းဦးတောင်အုပ်စု၊ ဆင်ဖြူအင်းကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ မူလတန်းပညာအား ဆင်ဖြူအင်း (အ.မ.က) တွင် လည်းကောင်း၊ အလယ်တန်းပညာရပ်အား ဆင်လမ်း (အ.လ.က) တွင် လည်းကောင်း၊ အထက်တန်းပညာရပ်များအား (အ.ထ.က) (၁) ပြင်ဦးလွင်တွင် လည်းကောင်း သင်ယူခဲ့ပြီး (၁၉၈၅) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဖြင့်ဘွဲ့ရရှိခဲ့ပါသည်။ ဦးစိုင်းအောင်ကြည်သည် လူမှုရေးလုပ်ငန်းများအား တက်ကြွစွာဆောင်ရွက်နေသူတစ်ဦးဖြစ်သည့်အပြင် ရှမ်းတိုင်းရင်းသားများအပေါ်တွင်လည်း သံယောဇဉ်ကြီးမားသူတစ်ယောက်ဖြစ်ပါသည်။ ၎င်းအား ရွေးချယ်လိုက်ခြင်းအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှမ်းတိုင်းရင်းသားများ၏အခက်အခဲ လိုအပ်ချက်များကို လွှတ်တော်တွင်တင်ပြဆွေးနွေးပေးမည့်သူဖြစ်သည့်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုင်းအောင်ကြည်အား ဆန္ဒမဲပေးရွေးချယ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ ……