လှိုင်သာယာပြည်ခိုင်ဖြိုးပါတီ အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၎

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကျင်းပသော အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲအခမ်းအနားတစ်ရပ်ကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးအတွင်းရေး မှူးဦးသာဝင်း၊ တိုင်းဒေသကြီး ကော်မတီဝင် လှိုင်သာယာမြို့နယ် တာဝန်ခံဦးခင်မောင်တင့်၊ မြောက် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယု၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးကြည်စိုး၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်သင်းသင်းလှိုင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇေယျာအောင်နှင့် ကော်မ တီဝင်များ၊ ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဋ္ဌများနှင့်ကော်မတီဝင် များ၊ ရပ်မိရပ်ဖများ အင်အား ၁၂ဝ ခန့်တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ နိုင်ငံတော်အလံအား အလေးပြုဖွင့် လှစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ဥပဒေပြုရေး၊တရား စီရင်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍ ခြောက်ရပ်ဖြင့် ဆွေးနွေးပွဲကိုစတင် ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တိုင်းဒေသကြီးကော်မတီဝင်ဦးခင် မောင်တင့်၊ မြောက်ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌ ဦးတင်ယုတို့က အလှည့်ကျ အသီးသီးဆွေးနွေးခဲ့ကြပြီး တက် ရောက်လာသော ရပ်ကွက်/ကျေး ရွာ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များက ကဏ္ဍအလိုက်သိရှိလိုသည် များကို စိတ်ဝင်တစားမေးမြန်း ခဲ့ကြပြီး ဗဟိုကော်မတီဝင်တိုင်း ဒေသကြီးအတွင်းရေးမှူးဦးသာဝင်း၊ တိုင်းဒေသကြီး ကော်မတီဝင် ဦးခင်မောင်တင့်၊ မြောက်ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယုတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲကို ညနေ ၄ နာရီခွဲ၌ ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)