၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် မြင်းခြံမဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
အမည် – ဒေါက်တာသန်းဝင်း
လူမျိုး/ဘာသာ – ဗမာ၊ ဗုဒ္ဓ
အသက် – ၆၃ နှစ် (၇.၁.၁၉၅၅)
မွေးဇာတိ – စွန်းလွန်းရပ်၊ မြင်းခြံမြို့နယ်။
ပညာအရည်အချင်း – MB.,BS(Mdy)M.MED.SC(Public Health)
အလုပ်အကိုင် –
အဖအမည် – ဦးဘသစ်
အမိအမည် – ဒေါ်အုန်းကြည်
ဇနီးအမည် – ဒေါ်ဘေဘီစောလျှံ
ထမ်းဆောင်ခဲ့ဖူးသောတာဝန် – ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန။
ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် – မြင်းခြံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်
——————————————————————-
ဒေါက်တာသန်းဝင်းအား မြင်းခြံမြို့နယ် စွန်းလွန်းရပ်တွင် အဖ – ဦးဘသစ်၊ အမိ – ဒေါ်အုန်းကြည်တို့မှ ၁၉၅၅ – ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်တွင် မွေးဖွားခဲ့ပါသည်။ မူလတန်းပညာကို မြင်းခြံမြို့နယ် ရွာစည်မူလတန်းကျောင်းတွင် လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းပညာကို အ.ထ.က (၁) မြင်းခြံတွင် လည်းကောင်း ဆည်းပူးခဲ့ပြီး (၁၉၈၁) ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့ရရှိခဲ့ပါသည်။ ၁၉၉၉ – ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်မှ မဟာသိပ္ပံဆေးပညာဘွဲ့(ပြည်သု့ကျန်းမာရေး) ရရှိခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း၌လည်း ပြည်တွင်း၊ ပြည်ပများသို့ သွားရောက်ပြီး ပြည်သူများကျန်းမာရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။