ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပုံမှန်အစည်းအဝေးကျင်းပ

 

ကျောက်ဆည်၊ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်/ကျေးလပတ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလပတ်ပုံမှန်အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးသန်းထွန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုးစိုးထွန်း၊ အတွင်းရေးမှူးဦးဆွေဦး၊ လူငယ်ရေးရာ တာဝန်ခံဦးသန်းဝင်းစိုးနှင့် စည်းရုံးရေးနယ်မြေတာဝန်ခံများ၊ ကော်မတီဝင်များ၊ ရပ်/ကျေး ၉၆ ခုမှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပါတီဝင်လူငယ်အမျိုးသားအမျိုးသမီးများ အင်အား ၁၂ဝ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုးစိုးထွန်းက ပါတီမူဝါဒများ၊ ပါတီဆောင်ပုဒ်များ ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်စည်းလုံးမှုအခြေခံများ အကျယ်တဝင့်ရှင်းလင်းတင်ပြပြီး ပါတီအောင်နိုင်ရေးသည် အဓိက၊ ပါတီအောင်နိုင်ရေးသည်ပဓာနဖြစ်ကြောင်း ထည့်သွင်းပြောကြား သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းထွန်းက အမှာစကားပြော ကြားကာ တက်ရောက်လာကြသည့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များက မိမိတို့ ရပ်ကွက်ကျေးရွာအလိုက် လိုအပ်ချက်များ တင်ပြဆွေးနွေးပြီး မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုးစိုးထွန်းက တင်ပြချက်များအား ပြန်လည်ဆွေးနွေးပြောကြားကာ အစည်းအဝေးကို နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)