ဗဟိုအမျိုးသမီးညီလာခံအကြို သပိတ်ကျင်းမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး တက်ရောက်အားပေး

 

သပိတ်ကျင်း၊ စက်တင်ဘာ(၄)

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့ ရွှေဝါဝင်းခန်းမတွင် ဗဟိုအမျိုးသမီးညီလာခံအကြို သပိတ်ကျင်းမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
အခမ်းအနားအား အစီအစဉ် (၃) ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြော
ကြား၍ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်မှ ပါတီဝင်တစ်ဦးဖြစ်သော မဂျူလိုင်မြင့်အောင်က ဗဟိုအမျိုးသမီး ညီလာခံအကြို သပိတ်ကျင်းမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ချောင်းကြီးကျေးရွာမှ ရွှေမိခင်တောင်နှင့် ရွှေစုစုသန်းကုမ္ပဏီ၏ MD သုဓမ္မသိင်္ဂီ ဒေါ်ကြည်ကြည်နွဲ့ (ခ)ဒေါ်စုစုသန်းမှ မြို့နယ်ပါတီအား အလှူငွေ ၃ သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းတင့် မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ အစီအစဉ်ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့သည်။
အစီအစဉ်အရ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအလိုက် အစုအဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များအနေဖြင့် နှီးနှော ဖလှယ်ပွဲတွင် တင်သွင်မည့်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်း (၄) စောင်အား တင်သွင်းနိုင်ရန်အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အစီအစဉ်တတိယပိုင်းကို ကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဏ မြှင့်တင်ရေးစာတမ်းကို သပိတ်ကျင်းမြို့၊ဆိပ်ကမ်းရပ်ကွက်မှ ပါတီဝင် မမြင့်မြင့်မော်က
လည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို တွင်းငယ်ကျးရွာမှ ပါတီဝင် မစိမ်းလဲ့လဲ့ထွန်းက လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းရေးအမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာယဉ် ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေးစာတမ်းကို ဇရပ်ကွင်းကျေးရွာမှ မခင်ခင်ချိုက လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို ချောင်းကြီးကျေးရွာမှ မရွှေရည်မျိုးသန့်က လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ သည်။
ထို့နောက် သပိတ်ကျင်းမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ အား ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်း စဉ်မျာအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒသကြီး အမျိုးသမီးရေးရာ ကဏ္ဏတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်လှလှအေး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ