ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးဝေလွင် ရေပြာကျေးရွာ ပါတီဝင်လူငယ်များအား သွားရောက်တွေ့ ဆုံအားပေး

 

သြဂုတ်-၃၁

ပုဗ္ဗသီရိမြို့ နယ် သပြေကုန်းအုပ်စု ရေပြာကျေးရွာမှ ပါတီဝင်လူငယ်များ နှင့်တွေ့ ဆုံပွဲ အခမ်းအနားကို ယနေ့ (၃၁.၈.၂၀၁၈) ရက်နေ့  နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါတွေ့ ဆုံပွဲသို့  ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးဝေလွင်နှင့်အတူ အတွင်းရေးမှူးဦးဌေးဝင်း -အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သီတာထွေးနှင့်ကော်မတီဝင်များ-မြို့ နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ ရပ်ကျေး
ပါတီအဖွဲ့ များ တက်ရောက်ခဲ့ ကြပြီး ပါတီဥက္ကဌမှလူငယ်များအား သိသင့်သိထိုက်သော ဗဟုသုတအကြောင်းအရာများကို ရင်းနှီးဖော်ရွေစွာ ဆွေးနွေး၍ တွေ့ ဆုံအားပေးစကား ပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။