အငြင်းပွားဖွယ် ပင်စင်ပြုပြင်ပြောင်းလဲမှုကို ဖြေလျှော့မှုတွေနဲ့အတူ ပူတင် အဆိုပြု

မော်စကို၊ သြဂုတ် ၃၀

ပြည်သူတွေ မကြိုက်တဲ့ ပင်စင်ပြုပြင်ပြောင်းလဲမှုကို ရုရှသမ္မတ ပူတင်ဟာ ဖြေလျှော့မှုအချို့နဲ့အတူ အဆိုပြုလာပါတယ်။

ခုလို လုပ်ဆောင်လာတာလည်း ပူတင်အနေနဲ့ လူထုထောက်ခံမှု ကျဆင်းလာနေတာကို တန့်ရပ်ဖို့ ကြိုးစားဟန်လည်း ရှိပါတယ်။

ပင်စင်အသက်ကို အရင်က အမျိုးသမီးတွေအတွက် အသက် ၆၃ နှစ်အထိ တိုးမြှင့်မယ်ဆိုတဲ့အစား ငါးနှစ်တိုးပြီး အသက် ၆၀ သတ်မှတ်မယ်လို့ အခြားဖြေလျှော့မှုတွေနဲ့အတူ ပင်စင်ပြုပြင်ပြောင်းလဲမှုကို ရှားရှားပါးပါး ရုပ်သံမိန့်ခွန်းမှာ သမ္မတ ပူတင်က ပြောခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ နိုင်ငံဟာ အမျိုးသမီးတွေအပေါ် ဆက်ဆံရာမှာ အလွန်ကိုပဲ နူးညံကြင်နာပါတယ်။”လို့ မိနစ်သုံးဆယ်စာ မိန့်ခွန်းမှာ ပူတင်က ဆိုပါတယ်။

အမျိုးသားတွေအတွက် ပင်စင်သက် တိုးမြှင့်တာကိုတော့ မပြောင်းမလဲဘဲ ငါးနှစ်တိုးလို့ အသက် ၆၅ နှစ်ကို ပင်စင်သက်အဖြစ် အဆိုပြုထားပါတယ်။

လက်ရှိ အသက် ၆၅ နှစ်ရှိ ရုရှခေါင်းဆောင် ပူတင်ဟာ မိသားစုများတဲ့ မိခင်တွေအတွက် စောစောစီးစီး အငြိမ်းစားယူဖို့လည်း အကြံပြုခဲ့ပါတယ်။

-Ref; AFP