ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော် – သြဂုတ် ၃၀

၃၀-၈-၂၀၁၈ ရက်နေ့ နံနက် (၁၀း၃၀) နာရီမှ နေ့လည် (၁း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီ နာယက ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဦးကျော်သင်း၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်မော်မော်ခိုင် ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ပါသည်။
အစည်းအဝေးအပြီး နေ့ခင်း(၂း၀၀)နာ၇ီအချိန်တွင် ကယားပြည်နယ် ဥက္ကဌ ဦးပိုးရယ်အောင်သိန်းဦးဆောင်သော ပြည်နယ်ကော်မတီဝင်များနှင့်အတူ လွိုင်ကော်မြို့နယ်၊ ရှမ်းပိုင်းရပ်ကွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဟောင်း) ဦးခင်မောင်ညို၏ အမျိုးသမီးကျန်းမာရေးအား သွားရောက် ကြည့်ရှုအားပေး စကားပြောကြားပြီး ဆေးဝါးကုသရန်အတွက် အလှူငွေ ကျပ်(၅၀၀၀၀ိ/-) တိတိ နှင့် ဒေါတမရပ်ကွက် ပြည်ခိုင်ဖြိုးပါတီအသင်း လွိုင်ကော်မြို့နယ် အတွင်းရေးမှူးဟောင်း ဦးအောင်ထွန်းကြည် အား ဆေးဝါးကုသရန်အတွက် အလှူငွေ ကျပ် (၅၀၀၀၀ိ/-) တိတိ စုစုပေါင်း တစ်သိန်းကျပ် သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ