မောတောင်မြို့ ပြည်ခိုင်ဖြိုးပါတီ လူငယ်များစုပေါင်းကာ ပြည်သူ့အကျိုးပြုလုပ်ငန်း များဆောင်ရွက်

 

တနင်္သာရီ သြဂုတ် ၂၉

တနင်္သာရီမြို့နယ် မောတောင် မြို့ တိုက်နယ်ဆေးရုံ အတွင်းအပြင် ပတ်ဝန်းကျင်၌ ထူထပ်စွာပေါက် ရောက်နေသာသစ်ပင်ချုံနွယ်များ အား မောတောင်မြို့ ပြည်ခိုင် ဖြိုးပါတီလူငယ်များစုပေါင်းကာ ခုတ်ထွင်ရှင်းလင်းသန့်ရှင်းရေးပြု လုပ်ဆောင်ရွက်ခြင်းကိုယနေ့နံနက် ၈နာရီကစတင်၍ စုပေါင်းခုတ်ထွင် သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယင်းပြည်သူ့အကျိုးပြုလုပ် ငန်းများဆောင်ရွက်ခြင်းကို တိုင်း ဒေသကြီးပါတီ ကော်မတီဝင် ဦးအောင်ဆန်းလွင်၏ ဦးဆောင်မှု ဖြင့် မောတောင်မြို့ ပါတီတာဝန်ခံ ဦးသက်ခိုင်၊ ဦးအောင်မိုး၊ ဦးသောင်းနိုင်နှင့်ပါတီဝင်များ ပူး ပေါင်းကာ စုစုပေါင်းအင်အား၎ဝ ကျော်တို့ဖြင့် မောတောင်မြို့ တိုက်နယ်ဆေးရုံ၏ အတွင်းအပြင် ပတ်ဝန်းကျင်၌ ထူထပ်စွာပေါက် နေသောသစ်ပင်ချုံနွယ်များအား မြက်ဖြတ်စက်များဖြင့်လည်းကောင်း၊ တောခုတ်ဓားဖြင့်လည်းကောင်း၊ ပေါက်ပြားများဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း အသီးသီး ခုတ်ထွင်ရှင်းလင်းပြီးလမ်းပေါ်သို့ ကျရောက်သည့် မြက်ဖြတ်စများ အားပြန်လည်ဖယ်ရှား၍ စနစ် တကျစွန့်ပစ်ခြင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပြည်ခိုင်ဖြိုးပါတီလူငယ် အဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်း များဆောင်ရွက်ပေးခြင်းကို မော တောင်မြို့ တိုက်နယ်ဆေးရုံဆရာ ဝန်ကြီးဒေါက်တာသီဟအောင်က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဖြူမျိုး(တနင်္သာရီ)