နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

နတ်မောက် သြဂုတ် ၂၈

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဒုတိယအကြိမ်မြောက် ပင့်သံဃာ အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း နှင့်အတူ လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ကို ဆက်ကပ်လှူဒါန်း ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ အတွင်းရေးမှူး ဒေါ်အေးမာကြူ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ၊ ရပ်ကွက် ဓမ္မစကြာ ဝတ်ရွတ်အသင်းများ စသည့် နိုင်ငံရေးပါတီများအား ယနေ့နံနက် ၅ နာရီတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း၊ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခြင်းတို့၏ အကျိုးတရား များအား နတ်မောက်မြို့ တစ်မြို့ နယ်လုံး၏ ကျက်သရေဆောင် ဆုတောင်းပြည့်ဘုရားကြီးကျောင်း တိုက်ဦးစီးပဓာနနာယကဖြစ်တော် မူသော ဘဒ္ဒန္တဥပ္ပလမဟာထေရ် မြတ်ကြီးမှ အန္တရာယ်ကင်းပရိတ် တရားများ ရွတ်ဖတ်ရခြင်း၊ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း အကျိုးတရားများချီးမြှင့်ဟောကြား ခဲ့ကြောင်း သိရသည်။

ထွန်းမှီ(နတ်မောက်)