၂၀၁၈ခုနှစ် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား

 

(၂၈-၈-၂၀၁၈) ရက်နေ့ ညနေ (၃း၀၀) နာရီမှ (၅း၀၀ ) နာရီအချိန်အထိ ကယားပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအုပ်စု အုပ်ချုပ်ရေး ဖလား ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား နန်းဖဲကျေးရွာဘော်လုံးကွင်းတွင် ကျင်းပပြုလုပ်ကာ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင် ) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့များ တက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။
၎င်းကျေးရွာအုပ်ချုပ်ရေးမှူးဖလား ဘော်လုံးပွဲကို (၆-၈-၂၀၁၈)ရက်နေ့မှ ယနေ့ (၂၈-၈-၂၀၁၈) ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။
ပွဲစဉ်တစ်လျှောက် ဘောလခဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ တစ်သိန်းသုံးသောင်း ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယနေ့ဗိုလ်လုပွဲကို စလဲလုံကျေးရွာနှင့် ပလဲလယ် ကျေးရွာ အသင်းတို့က ယှဉ်ပြိုင်ကစားကြရာတွင်
စလဲလုံကျေးရွာအသင်းက ပလဲလယ်ကျေးရွာ အသင်းကို လေးဂိုးသုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပါ သည်။
ယင်းနောက် တက်ရောက်လာကြသော တာဝန်ရှိ ပုဂ္ဂိုလ် အသီးသီးက နေရာအလိုက်အကောင်းဆုံး အားကစားထူးချွန်ဆုအပြင် ပထမ ဒုတိယ တတိယ ဆု အသီးသီးပေးအပ်ချီးမြှင့် သွားကြပါသည်။
၎င်းပြိုင်ပွဲတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဆု ငွေသားနှစ်သိန်းကျပ် ပေးအပ်ချီးမြှင့် ခဲ့ပါသည်။
၎င်းကျေးရွာအုပ်ချုပ်ရေးမှူးဖလား ဗိုလ်လုပွဲ အခမ်း အနားသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်ပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့် ဘောလခဲမြို့နယ် ပြည်နယ် လွတ်တော်ကိုယ်စား လှယ်များဖြစ်ကြသည့် ဦးစိုးရယ်နှင့် ဦးအေးရွှေ (ဘောလခဲ မြို့နယ်တာဝန်ခံ) ပြည်နယ်ကော်မတီ ဝင် ဒေါ်ဗျားမြာမောင် (ဘောလခဲ မြို့နယ်တာဝန်ခံ) ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးတင်ဦး ဦးရဲဝင်း ဒေါ်မော်မော်ခိုင်နှင့် ဒေါ်နန်းယဉ်သီတာ ထွေး(လူငယ်ရေးရာ ဒု-တာဝန်ခံ) ဘောလခဲခရိုင် အတွင်းရေးမှူး ဦးချစ်ဦးမောင် ဘောလခဲမြို့နယ် အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့နယ်ကော်မတီဝင် များ ဖိတ်ကြားထားသော ဧည့်သည်များ တာဝန်ရှိသူများ အားကစားဝါသနာရှင်များ နန်းဖဲကျေးရွာအုပ်စုနှင့် ဘူးခူကျေးရွာအုပ်စု ဖရူဆိုမြို့နယ် တော်ခူအုပ်စုရှိ ပလဲလယ်ကျေးရွာ အသီးသီးမှ အားကစားဝါသနာရှင်များ အသီးသီး တက်ရောက်အားပေးကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ