Realme 2 တွင် ၆.၂ လက်မ HD+ Display နဲ့ Snapdragon 450 SoC ပါဝင်မည်

OPPO ဟာ Realme လို့ခေါ်တဲ့ အမှတ်တံဆိပ်ခွဲသစ်တစ်မျိုးကို ဒီနှစ်အတွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ အိန္ဒိယမှာ အခြေစိုက်ထားတဲ့ အဆိုပါ အမှတ်တံဆိပ်ရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ Realme 1 ကိုလည်း လွန်ခဲ့တဲ့ လအနည်းငယ် က မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ ဒုတိယမြောက်ဖုန်းဖြစ်တဲ့ Realme 2 ကို သြဂုတ်လ ၂၈ ရက်မှာ မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။

အဲ့ဒီဖုန်းရဲ့ အချက်အလက်တွေဟာ အင်္ဂါနေ့ မိတ်ဆက်ပွဲ မတိုင်ခင် အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာခဲ့သလို ဖုန်းရဲ့ display နဲ့ ဘက်ထရီပမာဏကိုလည်း Flipkart ကြော်ငြာစာမျက်နှာတစ်ခုက အတည်ပြုခဲ့ပါတယ်။ Realme 2 မှာ notch ပါဝင်တဲ့ ၆.၂ လက်မ HD+ display ပါဝင်ပြီး aspect ratio က 19:9 ဖြစ်ပါတယ်။ Snapdragon 450 processor အသုံးပြုထားပြီး RAM က 3GB ဖြစ်ပြီး ROM က 32GB ဖြစ်ပါတယ်။ ဒါ့အပြင် 4GB RAM/ 64GB storage မော်ဒယ်နဲ့လည်း ရနိုင်ပါတယ်။ MicroSD card slot တစ်ခုပါဝင်ပြီး 256GB storage အထိ သိမ်းဆည်းနိုင်ပါတယ်။

ကျောဘက်ကင်မရာနှစ်ခု 13MP + 2MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပါတယ်။ အရှေ့ကင်မရာမှာ AI Beautification 2.0, HDR နဲ့ bokeh mode တို့ပါဝင်ပါတယ်။ Fingerprint scanner ကို ကျောဘက်မှာ တပ်ဆင်ထားသလို face unlock အတွက် အထောက်အပံ့လည်း ပါဝင်လာပါတယ်။

ဒီဖုန်းကို dual SIM dual-VoLTE နဲ့ အသုံးပြုနိုင်ပါတယ်။ Operating system က Android 8.1 Oreo အခြေခံ ColorOS 5.1 ဖြစ်ပါတယ်။ ဘက်ထရီက 4230mAh ဖြစ်ပြီး Realme 1 ရဲ့ 3,410mAh ဘက်ထရီထက် ပိုမို ကြီးမားပါတယ်။ အရောင်တွေအနေနဲ့ Diamond Red, Diamond Blue နဲ့ Diamond Black ဆိုပြီး ရရှိနိုင်ပါတယ်။ Ref: GizmoChina