မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမိသားစုများပါဝင်လောင်းလှူ

 

ရန်ကုန် သြဂုတ် ၂၇

နှစ် (၅ဝ)ပြည့်ရွှေရတုသဘင် တောင်ကြီးမြို့ မြို့လုံးကျွတ်ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက တောင်ကြီးမြို့ တောင်ကျောင်းကြီး ဘုန်းတော်ကြီး ကျောင်းစုရပ်မှ ဗိုလ်ချုပ်အောင် ဆန်းလမ်းမတစ်လျှောက် သံဃာ တော်နှင့် သီလရှင်များ ဆွမ်းဆန် စိမ်းအလှူခြံ<ွကတော်မူရာ ရှမ်းပြည် နယ်(တောင်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ မိသားစုက ပါတီရုံးရှေ့တွင် မဏ္ဍပ် ထိုးပြီး ရှမ်းပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပြည်နယ်အတွင်း ရေးမှူး ဦးခွန်သိန်းမောင်တို့က ဦး ဆောင်ပြီး ပြည်နယ်ပါတီကော် မတီများ၊ တောင်ကြီးခရိုင် ပါတီ ကော်မတီဝင်များ၊ တောင်ကြီးမြို့ နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်မှ ပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များက စုပေါင်း လောင်းလှူကြသည်။

ယခုကျင်းပသော မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိကျောင်းပေါင်း ၁ဝ၈ ကျောင်းမှ ပင့်သံဃာနှင့် သီလရှင်အပါအဝင် အပါး၁၃၈ဝ အလှူခြံ<ွကရောက်တော်မူကြကြောင်း သိရသည်။

သန်းထူး(တောင်ကြီး)