ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး လူငယ်တာဝန်ခံများနှင့်တွေ့ဆုံ

 

ရန်ကုန် သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီရုံး၌ ယနေ့နံနက် ၁၁ နာရီခွဲက ပါတီဗဟိုအလုပ် အမှုဆောင် ပါတီဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့် ရန်ကုန်တိုင်း ခရိုင်နှင့် မြို့နယ်ပါတီလူငယ်ရေးရာတာဝန်ခံ များ၊ လူငယ်လှုပ်ရှားမှုတာဝန်ခံများ တွေ့ဆုံ ပွဲကျင်းပကြောင်း သိရသည်။အစီအစဉ်အရတက်ရောက်လာ ကြသည့်ခရိုင်နှင့်မြို့နယ်လူငယ်ရေး ရာတာဝန်ခံများမှ တစ်ဦးချင်း မိတ် ဆက်၍ လူငယ်ရေးရာ လှုပ်ရှား ဆောင်ရွက်မှုများကိုတင်ပြကြသည်။

ထို့နောက် ပါတီဗဟိုအလုပ် အမှုဆောင်ပါတီဗဟိုလူငယ်ရေးရာ တာဝန်ခံဒေါက်တာအောင်မြတ်ဦး က လူငယ်ညီလာခံမှချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြီး ညီလာခံမှ ချမှတ်ထားသည့် လုပ် ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ကြဖို့ လိုကြောင်း၊ လူငယ်ညီလာခံတွင် ပါဝင်သည့် လူငယ်များ၏ စိတ်ဓာတ်ခွန်အား များကိုဆက်လက်မြှင့်တင်ပေးဖို့လို အပ်ကြောင်း၊ လူငယ်ရေးရာ ကော်မတီဝင်များနှင့် လူငယ်လှုပ် ရှားမှုကော်မတီဝင်များ ပေါင်းစပ် ဆောင်ရွက်ဖို့လိုကြောင်း၊ ဆက် လက်၍ လူငယ်ရေးရာတာဝန်ခံ များလုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များ၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းတိုးပွားလာရေး၊လူငယ် များဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပါတီမှဒုတိယဥက္ကဋ္ဌဦးအောင်ချိုဦး နှင့်ဧရာဝတီတိုင်းဒေသကြီးလူငယ် တာဝန်ခံဦးသက်လင်း၊ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းမှ တိုင်း ပါတီကော်မတီဝင် ဦးကျော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာ တာဝန်ခံတို့မှ ၄င်းတို့၏ အတွေ့ အကြုံများ၊ ဆောင်ရွက်ထားမှုများ ကို ရှင်းလင်းတင်ပြကြပြီး တွေ့ဆုံ ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် လူငယ်လှုပ်ရှား မှုတာဝန်ခံများနှင့် ဆက်လက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)