ဆိုက်ဘေးရီးယားတောင်ပိုင်းကို အားလပ်ရက် ခြေလျင်ခရီးထွက်လာတဲ့ ရုရှားသမ္မတ ပူတင်

သြဂုတ် ၂၈ ။          ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကတော့ ၎င်းရဲ့ ရက်တို အားလပ်ရက်ကာလအတွင်း  သြဂုတ်လ ၂၆ ရက်မှာတော့ ဆိုက်ဘေးရီးယား တောင်ပိုင်းကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၎င်းရဲ့ အားလပ်ရက် ခရီးစဉ်အတွင်းမှာတော့ ပူတင်ဟာ တောင်ကုန်းတွေပေါ် အပျော်ခြေလျင် ခရီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းဟာ ဆိုက်ဘေးရီးယား တောင်ပိုင်း တီဗာ ဒေသ ယန်နီစီ မြစ်ထဲမှာလည်း အပန်းဖြေ မော်တော်ဘုတ်စီးခဲ့သေးတယ်လို့ သိရပါတယ်။ ယင်း ခရီးစဉ်မှာတော့ သမ္မတ ပူတင်နဲ့အတူ ရုရှား ကာကွယ်ရေး ၀န်ကြီး ဆာဂျီ ရှိုင်ဂူလည်း အတူ လိုက်ပါလာခဲ့ပါတယ်။

ယင်းကဲ့သို့ သမ္မတ ပူတင်ရဲ့ အားလပ်ရက် ခြေလျင် ခရီးထွက်လည်တဲ့ ပုံရိပ်တွေကိုတော့ သြဂုတ်လ ၂၇ ရက်က ကရင်မလင် နန်းတော်က ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ 

-Ref; AFP