ဂရိတွင် တရားမဝင် အဆောက်အဦ အနည်းဆုံး ၃၂၀၀ ဖြိုဖျက်မည်

ဂရိနိုင်ငံ အက်တစ်ကာဒေသထဲမှာ စက်တင်ဘာလလယ်က စပြီး တရားမဝင် အဆောက်အဦ အနည်းဆုံး ၃၂၀၀ ကို ဖြိုဖျက်မယ်လို့ ဂရိ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ဇူလိုင် ၂၃ တောမီးအပြီး သြဂုတ် ၂၄ ရက်က ခုလိုပြောလိုက်တာပါ။

ဖြိုဖျက်မယ့်နယ်မြေထဲကနေ အိမ်ရှင်တွေနဲ့ ဒေသခံတွေ ရွှေ့ပြောင်းပေးကြဖို့ အစိုးရဌာနတွေက သတိပေးစာ ထုတ်ပြန်ခဲ့တာပါ။

ဂရိနိုင်ငံတလွှား ပိုများတဲ့ တရားမဝင် အဆောက်အဦတွေကို ဖြိုဖျက်မယ်လို့ ဂရိဝန်ကြီးချုပ် အလက်ဇစ် စီပရက်စ်က သြဂုတ် ၇ ရက်နေ့က ဝန်ကြီးတွေ၊ ဒေသန္တရ အရာရှိတွေနဲ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

သစ်တောဧရိယာတွေကြားမှာ ဒေသခံတွေက ဆောက်ထားတဲ့ အဆောက်အဦတွေကြောင့် ထွက်ပြေးရမယ့် လမ်းကြောင်းတွေ ပိတ်ဆို့ကုန်တယ်လို့ အစိုးရက ပြောပါတယ်။

တရားမဝင် ဆောက်လုပ်မှုဟာ နိုင်ငံတွင်း အဆိုးဆုံး တောမီးကပ်ဘေးတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တခုလို့လည်း ပြောပါတယ်။

တောမီးတွေကြောင့် လူအယောက် ၉၀ ကျော် သေဆုံးခဲ့ပြီး အဆောက်အဦ ၂၀၀၀ လောက် ပျက်စီးခဲ့ပါတယ်။

အရပ်သားတွေဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ တရားမဝင်ဆောက်လုပ်မှု စတင်ခဲ့ပြီး ၁၉၇၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အခြေအနေက အမြင့်ဆုံးဖြစ်ခဲ့တယ်၊ ဒီဆောက်လုပ်မှုတွေကြောင့် အရည်အသွေးနိမ့် မီးသတ်ပံ့ပိုးမှု အင်္ဂါရပ်တွေနဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

DVB