ဘုတ်ပြင်းမြို့နယ်တွင်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တ

 

ဘုတ်ပြင်း သြဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအောက်လိပ်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်း ဘုတ်တင်ဖွင့်ပွဲကို ယခုလ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးထွန်းအေး၊ အတွင်းရေးမှူးဦးသူရဝင်းတင်နှင့် ပါတီကော်မတီဝင်များ၊ ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတို့က ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။ ထို့နောက်အခမ်းအနားသို့ တက် ရောက်လာသော ပါတီဝင်များနှင့်အတူ ပါတီဆိုင်းဘုတ်သစ်တင်ပွဲ အမှတ် တရဓာတ်ပုံများ ရိုက်ကြပြီး ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။