ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးတက်ရောက်အားပေး
အင်းတော်၊ သြဂုတ်၊ ၂၆
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး|ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာ၊ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ကသာခရိုင်ပါတီဥက္ကဌ ဦးထွန်းအောင်ဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊
မြို့နယ်ပါတီဥက္ကဌဒေါ်သူသူဇင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ၊ ပါတီဝင်အသစ်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၇၀၀ ဦးတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုကာ နိုင်ငံတော်အလံအလေးပြု၍ဖွင့်လှစ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပါတီဝင်များကိုယ်စားမှ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ရာ မော်တိတ်ကျေးရွာ
အုပ်စုပါတီဥက္ကဌ ဦးစိန်ကြည်မှပေးအပ်ခဲ့ပြီး တိုင်းပါတီဥက္ကဌမှ လက်ခံရယူခဲ့ကာ| ပါတီဝင်ကြေးများအား မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်လွင်ဦးမှပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဌဒေါ်သူသူဇင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဇာတိမာန်သီချင်းသံပြိုင်သီဆို၍ အခမ်းနားကိုရုပ်သိမ်းခဲ့ပါသည် ။
ထို့နောက်တွင် ဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးသည် ရွာသာယာကျေးရွာဆရာတော်ဦးဓမ္မိကအား သွားရောက်းဖူးမြှော်ကန်တော့၍ ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။