ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လွိုင်ကော်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်ကော် သြဂုတ် ၂၂

ဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့်အဖွဲ့သည် လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာအုပ်စု စိုက်ကွင်း (၃)အိမ်အမှတ် ၁၂၁၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးရွှေဖဲ နေအိမ်တွင် ယမန်နေ့ ညနေ ၅ နာရီမှ ၆ နာရီ ၁ဝ မိနစ်အထိ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းကအဖွင့်အမှာ စကား ပြောကြားသည်။
ဆက်လက်ပြီး ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ် ကော်မတီဝင် ဦးတင်ဦး(လွိုင်ကော် မြို့နယ်တာဝန်ခံ)၊ ပြည်နယ်ကော် မတီဝင် ဦးကျော်သင်း၊ လွိုင်ကော် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေတို့ က လက်ရှိနိုင်ငံရေး ဖြစ်စဉ်များ၊ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေ အနေများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပါတီဝင် များမှ အသီးသီးထပ်မံ ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ကယားပြည်နယ် ပါတီဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်းက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ သည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ် ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် လွိုင်ကော် မြို့နယ်တာဝန်ခံ ဦးတင်ဦးနှင့် ဦးကျော်သင်း၊ ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ လွိုင်ကော် ခရိုင် ကော်မတီဝင်ဦးစူးရယ်၊ လွိုင်ကော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီ ဝင် များ၊ရပ်/ကျေး ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊စိုက်ကွင်း(၃)ရှိပါတီဝင် များစုစုပေါင်းအင်အား ၄ဝ ကျော် တက်ရောက်ကြောင်းသိရသည်။

မမောင်(ချိကယ်သူ)