ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၂၈၄ ဦး ဝင်ရောက်

 

ကျုံပျော် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ မြို့ပေါ်ရပ်ကွက်များဖြစ်သော တေဇရပ်ကွက်နှင့် ပင်လုံရပ်ကွက်တို့မှ ပြည်သူများက ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျုံပျော်မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပင်လုံရပ်ကွက်မှ ပြည်သူ ၂၃ဝ၊ တေဇ ရပ်ကွက်မှ ပြည်သူ ၅၄ ဦး၊ စုစုပေါင်း ၂၈၄ ဦးတို့မှ ပါတီသို့ ဝင်ခွင့်ပြုရန်အတွက် ပါတီဝင်အဆိုပြုလွှာများစုပေါင်းပေးအပ်ကြသည်။ အခမ်းအနားတွင် ပါတီဝင်ပြည်သူနှစ်ဦးက ပါတီသို့ ဝင်ရောက်ရခြင်း အကြောင်းကိုလည်းကောင်း၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများက အဆိုပြုလွှာ ပေးအပ်ပွဲဖြစ်မြောက်ရေးဆောင်ရွက်ချက်များကိုလည်းကောင်း၊ မြို့နယ် စည်းရုံးရေးတာဝန်ခံနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ပြည်ခိုင်ဖြိုးပါတီ၏ ရပ်တည်ချက်၊ လက်ရှိ နိုင်ငံ အရေးအရာ၊ အခြေအနေတို့ကို ရင်းနှီးနွေးထွေးစွာဖြင့်ရှင်းလင်း ပြောကြား ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မ တီဝင်များ၊ လူငယ်များနှင့် ပါတီဝင်ပြည်သူများတက်ရောက်ကြပြီး အခမ်းအနားကို မွန်းလွဲ ၂နာရီ ၄၅မိနစ်တွင် ကျင်းပပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ကျုံပျော်)