ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီပိန်းချစ်ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်လင်လေး သြဂုတ် ၁၉

ကယားပြည်နယ်လွိုင်လင်လေး မြို့ ပိန်းချစ်ကျေးရွာ သီရိမင်္ဂလာ ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် ၁၁နာရီက ကယားပြည်နယ် ပြည် ခိုင်ဖြိုးပါတီမှ ပိန်းချစ်ကျေးရွာ ပါတီဝင်များနှင့် သွားရောက်တွေ့ ဆုံကြသည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ် အလုပ်အမှုဆောင် လွိုင်ကော်မြို့ နယ်တာဝန်ခံဦးတင်ဦးနှင့် ဦးကျော် သင်း၊လွိုင်ကော်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေတို့က လက်ရှိနိုင်ငံရေး ဖြစ်စဉ်များ နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအခြေအနေများအား ရှင်း လင်းဆွေးနွေးသည်။
ယင်းနောက် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင် ရွှေက ပိန်းချစ်ကျေးရွာလူငယ် မောင်စံငြိမ်းခိုင်ထံ လူငယ်များ အတွက်ဘောလုံးတစ်လုံး ပေးအပ် လှူဒါန်းသည်။

ယင်းတွေ့ဆုံပွဲသို့ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီ အတွင်းရေးမှူးဦးကျော်မြင့်၊ ပြည် နယ်ကော်မတီဝင် လွိုင်ကော်မြို့ နယ်တာဝန်ခံဦးတင်ဦးနှင့်ဦးကျော် သင်း၊ပြည်နယ်ကော်မတီဝင်ဒေါ်ဗျာ မြားမောင်၊လွိုင်ကော်ခရိုင် အတွင်း ရေးမှူးဦးကွယ်ရယ်ဖိုးနှင့် ခရိုင် ကော်မတီဝင်များ၊ လွိုင်ကော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီ ဝင်များ၊ လွိုင်လင်လေးမြို့ ရပ်/ ကျေးကော်မတီဝင်များ၊ ပိန်းချစ် ကျေးရွာရပ်မိရပ်ဖ လူငယ်အမျိုး သမီး အမျိုးသားများ စုစုပေါင်း အင်အား ၂ဝဝခန့် တက်ရောက် ကြပြီး တွေ့ဆုံပွဲအပြီးတွင် ကယား ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည်ကျောင်းထိုင် ဆရာတော်ဦးကောဝိသအားနဝကမ္မ အလှူငွေဖြင့် သွားရောက်ဖူးမြော် ကန်တော့ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)