စီးရီးအေ အဖွင့်ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်း

ယခုတစ်ပတ်မှာ စီးရီးအေပွဲစဉ်တွေ ပြန်လည်စတင်တော့မှာ ဆိုပေမယ့် ဂျီနိုအာမှာ ပွန်တီမိုရန် ဒီတံတား ပြိုကျခဲ့မှုကြောင့် အဖွင့်ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဂျီနိုအာအခြေစိုက် အသင်းနှစ်သင်း ဖြစ်တဲ့ ဂျီနိုအာနဲ့ ဆမ်ဒိုးရီးယားပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားက အိမ်ကွင်းမှာ ဖီအိုရင်တီးနားနဲ့ ကစားရမှာဖြစ်ပြီး၊ ဂျီနိုအာက မီလန်မှာ အေစီမီလန်နဲ့ သွားရောက်ကစားရမှာဖြစ်ပါတယ်။

အစောပိုင်းမှာ လူပေါင်း ၃၀ ကျော်သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပေါ်မှာ ဂျီနိုအာမြို့သားတွေ ၀မ်းနည်းကြေကွဲ နေနေကြတာကြောင့် ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဖွဲ့ချုပ်က ပွဲမတိုင်မီမှာ တစ်မိနစ်ငြိမ်သက်ခြင်းနဲ့ ဆုတောင်းပေးသွားမယ်လို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်အပေါ်မှာ ဂျီနိုအာပရိသတ်တွေ မကျေမနပ်ဖြစ်ခဲ့ပြီး အေစီမီလန်နဲ့ ကစားမယ့် အဝေးကွင်းပွဲစဉ်ကိုလိုက်ပါအားပေးမှာ မဟုတ်ဘဲ သပိတ်မှောက်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နောက်ဆုံးမှာ အဖွဲ့ချုပ်အလျှော့ပေး လိုက်ပြီး ဂျီနိုအာနဲ့ ဆမ်ဒိုးရီးယားတို့ရဲ့ ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။  

-Ref; Sky sports