ရေနုတ်မြောင်းတူးဖော်ရေး မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဆွေးနွေး

မအူပင်၊ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရေနုတ်မြောင်း တူးဖော် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက မအူပင်မြို့နယ်၊ ကျီးချောင်းကျေးရွာ အုပ်စု၊ ကတက်ခွကျေးရွာ ဦးပေါက်ဖော်နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ ခရိုင်ပါတီဥက္ကဋ္ဌက လာမည့်နွေစပါးစိုက်ပျိုးရေးကာလတွင် ကတက်ခွချောင်း နွေစပါးစိုက်ပျိုးရေး အောင်ရေ ရရှိရေးအတွက် ရေနုတ်မြောင်း ပြန်လည်တူးဖော်မည့် လုပ်ငန်းအစီအစဉ်များကို ချပြဆွေးနွေးခြင်း၊ တက်ရောက်လာသူများက ပါဝင်ဆွေးနွေးခြင်း၊ လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။

 ဖြိုးမောင်ဇော်(မအူပင်)