အာဏာမရှိလည်း ပြည်သူ့ဒုက္ခကိုလက်ပိုက်ကြည့်နေမည့်ပါတီမဟုတ်ဘူး ဟုပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ပြောကြား

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် စစ် တောင်းမြစ်ကမ်းနံဘေးရှိ ရေဘေး သင့်ကျေးရွာများအား ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူများက နေ့စဉ် ထောက်ပံ့ကူညီလှူဒါန်းပေးလျက် ရှိသည်။

ယမန်နေ့နံနက်ပိုင်းကတောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်နံဘေးရှိ ကျေးရွာ များသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်ဦးလှသိန်း၊ ပါတီ ဗဟိုကော်မတီဝင် ဦးသက်ထွန်း၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညီညီမြင့်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့်
ပါတီတာဝန်ရှိသူများ လိုက်ပါ လျက် နတ်သံကွင်းဒေသရှိ သပြေ ကုန်းကျေးရွာ ရေလဲကျေးရွာရှိ ရေ ဘေးသင့်အိမ်ထောင်စုများအတွက် ဆီ၊ငါးသေတ္တာ၊ရေသန့်ဘူး၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက် စသည်တို့အား ပြည်သူ့လက်ဝယ်အရောက် ပေး အပ်လှူ ဒါန်းခဲ့သည်။

ပေးအပ်လှူဒါန်းပွဲတွင် ပါတီ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ”မိမိတို့ပါတီသည်လက်ရှိအာဏာ မရရှိခဲ့သော်လည်း ပြည်သူများ ဘေးဒုက္ခရောက်ရှိနေချိန်တွင်လက် ပိုက်ကြည့်နေမည့် ပါတီမဟုတ် ကြောင်း၊ ပြည်သူ့အရေးတွင် ပါတီ အနေဖြင့် ကူညီဆောင်ရွက်ရန် အသင့်ရှိနေကြောင်း၊ပြည်သူများ၏ သဘာဝဘေးဒုက္ခ ရေဘေးသင့်ရာ တွင်စိုက်ပျိုးထားသော စပါးများ ရေနစ်မြုပ်ရခြင်းကိုလည်း မြင်တွေ့ ရကြောင်း ပြည်ခိုင်ဖြိုးပါတီအနေ ဖြင့်တက်စွမ်းသမျှ ကူညီပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် ဒေသခံပြည်သူများမှ စီးပွားရေး ကျပ်တည်းနေရမှု၊ ပြည်ပနိုင်ငံများ သို့ အလုပ်အကိုင်ရှာဖွေ၍ ထွက် သွားနေရမှု၊ ပညာရေးအခက်အခဲ ကျန်းမာရေးအခက်အခဲများအား ရင်ဖွင့်တင်ပြခဲ့သည်။

ညနေပိုင်းတွင် ပါတီဗဟို အလုပ်အမှုဆောင်ဦးဆောင်သော အဖွဲ့သည် အုတ်တွင်းမြို့နယ်ပါတီ ရုံးသို့သွားရောက်၍ ပါတီ၏လုပ် ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ လက်ရှိမြေပြင်အနေအထားများ အားမေးမြန်းဆွေးနွေးခဲ့ပြီး မြို့နယ် ပါတီတာဝန်ရှိသူများ၏ တင်ပြ ဆွေးနွေးချက်များအပေါ် လိုအပ် သည်များအား ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့သည်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)