မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ
မြိတ် သြဂုတ် ၁၃
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမိုး မြင့်၊အတွင်းရေးမှူးဦးကိုကိုကြီးနှင့် နယ်မြေတာဝန်ခံကော်မတီဝင်များ လိုက်ပါသောအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးရွာ အဏ္ဏဝါရပ်ကွက် စည်းရုံးရေးမှူး နှင့်ပါတီဝင်များအား ကွင်းဆင်း တွေ့ဆုံကာ ပါတီဝင်များစုစည်းဖွဲ့ စည်းခြင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ သည် ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းရွာနှင့် ¤င်းကျေးရွာအုပ်စု အတွင်းရှိ လွတ်လွတ်ကျေးရွာများ သို့ရောက်ရှိကြပြီး ကျေးရွာပါတီ ဝင်များ အဆင့်ဆင့်ဖွဲ့စည်းထားရှိ မှုအခြေအနေများနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက် များအပေါ် ပေါင်းစပ်ဖြည့်စွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြိတ် မြို့ပြည်သူ့ဆေးရုံကြီး၌ ဆီးချို ရောဂါဝေဒနာဖြင့် ဆေးကုသမှုခံ ယူနေသည့် ရပ်ကွက်စည်းရုံးရေး မှူးဦးလှမြင့် ထံသွားရောက်ကြည့် ရှုအားပေးမှုများဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးအတွက် ဆေးကုသရန် ကူညီထောက်ပံ့ငွေများကို ပါတီ စည်းရုံးရေးမှူးထံ ပေးအပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ကျော်လင်း(မြိတ်)