OPPO Find X Super Flash Edition ကို သြဂုတ် ၁၇ တွင် ရောင်းချမည်

OPPO Find X ရဲ့ တတိယအမျိုးအစားက Super Flash Edition ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ Lamborghini Edition ရဲ့ Super VOOC fast charging နည်းပညာပါဝင်ပြီး 256GB storage နဲ့ ရရှိနိုင်ပါတယ်။ OPPO ဟာ OPPO Find X Super Flash Edition ကို ၅,၉၉၉ ယွမ် (၈၇၆ ဒေါ်လာ) နဲ့ ရောင်းချသွားမယ်လို့ ကြေညာ ခဲ့ပါတယ်။ ပထမဆုံး flash sale ကို သြဂုတ် ၁၇ မှာ စတင်သွားမှာဖြစ်ပါတယ်။

OPPO Find X Super Flash Edition မှာ Lamborghini Edition လိုပဲ တူညီတဲ့ 3,499mAh ဘက်ထရီပမာဏ ပါဝင်ပါတယ်။ ဘေးကင်းစေဖို့အတွက် ဖုန်းအတွင်း 1700mAh ဘက်ထရီနှစ်ခု ထည့်သွင်းထားတယ်လို့ OPPO က ထုတ်ဖော်ပြောကြားထားပါတယ်။ Super VOOC ဟာ OPPO Find X Super Flash Edition ကို ၃၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။

ကျန်တဲ့အချက်အလက်တွေကတော့ base မော်ဒယ်နဲ့အတူတူပဲ ဖြစ်ပါတယ်။ Display က ၆.၄၂ လက်မ ဖြစ်ပြီး 93.8% screen to body ratio, 19.5:9 aspect ratio, 1080 x 2340 resolution နဲ့ အသုံးပြုနိုင်ပါတယ်။ မှန်ကိုယ်ထည်အောက်မှာ Snapdragon 845 processor ကို ထည့်သွင်းထားပါတယ်။

Selfie ကင်မရာက 25MP f/2.0 sensor ဖြစ်ပါတယ်။ အဆိုပါ pop-up ကင်မရာ ထွက်လာချိန်မှာ dual rear camera တွေဖြစ်တဲ့ 16MP + 20MP ကင်မရာနှစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Find X မှာ face unlock အတွက် 3D face scanning ပါဝင်ပါတယ်။ NFC, Bluetooth 5.0 နဲ့ USB-C port တို့နဲ့လည်း အသုံးပြုနိုင် ပါတယ်။ အရောင်အနေနဲ့ Bordeaux Red, Ice Blue ဆိုပြီး နှစ်မျိုးနှစ်စား ရရှိနိုင်ပါတယ်။

Ref: GizmoChina