ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဥတ္တရသီရိမြို့နယ်ပါတီ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားသို့ တက်ရောက်လှူဒါန်း

 

ဥတ္တရသီရိမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စုပေါင်းဆက်ကပ်လှူဒါန်းသည့် ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနား ကို ဥတ္တရသီရိမြို့နယ်ရှိ ရွှေနံ့သာ ရပ်ကွက် အမှတ်(၄)ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ယနေ့နံနက် ၉နာရီကပြုလုပ်ခဲ့ရာပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ပြည်ထောင် စုနယ်မြေပါတီဥက္ကဋ္ဌဦးဝေလွင် တက်ရောက်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနား၌ရွှေနံ့သာရပ်ကွက် အမှတ်(၄)ကျောင်း ဆရာတော်ထံမှ သီလခံယူဆောက်တည်ခဲ့ကြပြီး၊ ဆက်လက်၍ဆရာတော်သံဃာတော် များအားဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ဗဟိုကော်မတီဝင်ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး၊ ပြည်ထောင်စု နယ်မြေပါတီအတွင်းရေးမှူးဦးဌေးဝင်း၊ နေပြည်တော်ခရိုင် ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဥတ္တရသီရိမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်လင်းတို့က အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ရွှေနံသာ အမှတ် (၄) ကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာတရားများ နာကြားခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေ ခဲ့ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြကြောင်းနှင့်ထို့ပြင် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူ ၁၂၁ ဦးတို့ အား မုန့်ဟင်းခါးဒါနကျွေးမွေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌနှင့် နယ်မြေတာဝန်ရှိသူများ ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အသင်းသူအသင်းသားများ စုံလင်စွာ လာရောက်ကုသိုလ်ဒါနပြု ခဲ့ကြသည်။

ကိုကိုလွင်