ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့်လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေး

 

ညောင်ဦး သြဂုတ် ၉

ညောင်ဦးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ နံနက် ၉နာရီက ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင်မန္တလေးတိုင်းဒေသကြီး ကော် မတီဝင် ညောင်ဦးခရိုင်တာဝန်ခံ ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး၊ မြို့နယ်အတွင်းရေး မှူးဦးအောင်ဆန်းဦး၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးများအားလုံး ၈၃ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

အစည်းအဝေးတွင်တိုင်းဒေသ ကြီးကော်မတီအဖွဲ့ဝင် ညောင်ဦး ခရိုင် တာဝန်ခံဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ အစီအစဉ်အရ ညောင်ဦး ခရိုင်ဥက္ကဋ္ဌဦးညွန့်ဝင်းက အမှာ စကားပြောကြားခဲ့သည်။အစီအစဉ် အရ ဆက်လက်၍ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဌေးကလည်း ပါတီရှေ့ လုပ်ငန်းစဉ်အောင်နိုင်ရေး အမှာ စကားပြောကြားပေးခဲ့သည်။ ယင်း နောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာစည်းရုံးရေးမှူး များက တစ်ဦးချင်းဆွေးနွေးခဲ့ကြ ရာ အင်တိုင်းကျေးရွာဦးဌေးမြင့်က ပြည်သူများအတွက် ရေရှားပါး သောအရပ်များအား ရေလှူဒါန်း ရန်၊ရေဘောက်ဆာပြုပြင်ရန်လိုအပ် ကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးခဲ့ကြသည့် အချက် အလက်များကို ညောင်ဦးခရိုင် တာဝန်ခံဦးသန်းဌေးက ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရ သည်။

ယင်းအစည်းအဝေးကို ဆွေး နွေးခဲ့ကြပြီး မွန်းတည့် ၁၂နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)