အမေရိကန်အာကာသတပ်ဖွဲ့ ဖွဲ့စည်းဖို့ အချိန်ကျပြီလို့ ဒုတိယသမ္မတ ပြော

ဝါရှင်တန်၊ သြဂုတ် ၁၀

အမေရိကန်စစ်တပ်ရဲ့ ခြောက်ခုမြောက် တပ်ရင်းဖြစ်လာမယ့် US Space Force ဖွဲ့စည်းရေး စီမံချက်အသေးစိတ်ကို ဒုတိယသမ္မတ မိုက်ပန့်စ်က သြဂုတ် ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အနာဂတ် စစ်မြေပြင်တစ်ရပ်အတွက် ပြင်ဆင်ထားဖို့ အချိန်ကျပြီလို့ မိုက်ပန့်စ်က ပြောဆိုလျက် ခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဇွန်လအတွင်းမှာ သမ္မတ ဒေါ်နယ်ထရမ့်က ပင်တဂွန်အနေနဲ့ အာကာသရေးရာမှာ အားနည်းချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုပြီး ဂြိုလ်ပတ်လမ်းမှာ အမေရိကန် လွှမ်းမိုးနိုင်ရေးကို ရယူရမယ်လို့ ပြောဆိုပြီး အာကာသစစ်တပ်ဖွဲ့ ဖွဲ့စည်းရေးကို အမိန့်ပေးထားခဲ့ပါတယ်။

အာကာသစစ်တပ်ဖွဲ့ ဖွဲ့စည်းရေးဟာ ကွန်ဂရက်ရဲ့ အတည်ပြုချက် ပထမဆုံး လိုတာမို့ သဘောတူညီမှုရပြီး စီမံချက်တော့ မဟုတ်သေးပါ။ ကုန်ကျစရိတ်နဲ့ ဗျူရိုကရေစီ ပြုမှုကို စိုးရိမ်မှု ရှိတဲ့ လွှတ်တော်အမတ်တွေနဲ့ ကာကွယ်ရေး တာဝန်ရှိသူတွေရဲ့ အယုံအကြည် မရှိတဲ့ စီမံချက်လည်း ဖြစ်နေပါတယ်။

ဒါပေမယ့် ဒုတိယ သမ္မတ မိုက်ပန့်စ်ကတော့ သမ္မတ ထရမ့် တာဝန် ကုန်ဆုံးမယ့် ၂၀၂၀ မကုန်ခင် အာကာသစစ်တပ် ဖွဲ့စည်းပေါ်ပေါက်လာရေး အစိုးရရဲ့ ဆန္ဒကို ပြတ်ပြတ်သားသား ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သမိုင်းမှာ နောက်ထပ် ကြီးမားတဲ့ အခန်းကဏ္ဍကို ရေးထိုးဖို့ အချိန်ပဲ။ ကျွန်တော်တို့ ပြည်သူနဲ့ နိုင်ငံတော်ကို ခြိမ်းခြောက်လာမယ့် မျိုးဆက်သစ်တစ်ရပ်ကို အမေရိကန်ရဲ့ အကောင်းဆုံးနဲ့ အရဲရင့်ဆုံးတွေက ကာကွယ်ပေးနိုင်ဖို့ လာမယ့် စစ်မြေပြင်အတွက် ပြင်ဆင်ကြရတော့မှာ ဖြစ်တယ်။”ဆိုပြီး မိုက်ပန့်စ်က ပြောခဲ့ပါတယ်။

-Ref; AFP