ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းဆောက်လုပ်ရန် ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပံ့ပိုးကူညီ

 

၂၀၁၈ ခုနှစ် ဩဂုတ်လ(၉)ရက်နေ့တွင် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျေးရွာ၌ ကိုယ်ထူကိုယ်ထ မှုလတန်းကျောင်းဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်လျက်ရှိသော ငွေကြေးအခက်အခဲများကို ကျေးရွာသား များမှ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီသို့ အကူအညီတောင်းခံခဲ့ရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)နှင့် ပြည်နယ်ကော်မတီဝင် ဦးစန်းငွေ(လူငယ်တာဝန်ခံ)တို့မှ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျေးရွာသားများထံသို့ အလှူငွေ (၃၀၀၀၀၀ိ/-)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ကြသည်။

TM