သင်္ဃန်းကျွန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမိသားစုများမှ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမဆောင်၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းမြို့ နယ် မြရတနာကျောင်းတိုက်ဆရာ တော် ဦးသုစိတ္တထံမှ ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက် တည်ကြပြီး ဝါဆိုသင်္ကန်းအစုံ ၂ဝ နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် များမှ ပါတီတာဝန်ရှိသူများနှင့် အလှူရှင်မိသားစုများက ဆရာ တော်သံဃာတော်အရှင်သူမြတ် များထံ ဆက်ကပ်လှူဒါန်းပြီးလွန် ခဲ့သော ၂၂ရက်ခန့်က ကွယ်လွန် သွားခဲ့သောမြို့နယ်ပါတီအတွင်းရေး မှူး(ခေတ္တဥက္ကဋ္ဌ)ဦးခင်မောင်ဌေး အားရည်စူး၍ အမျှအတန်းပေးဝေ ခဲ့သည်။ ထို့နောက်ဧည့်ပရိသတ် များအား နေ့လယ်စာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော် မတီဝင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန် မြင့်၊ အတွင်းရေးမှူး ဒေါ်ဇာခြည် လင်း၊ ရန်မျိုးအောင်စေတီတော် ဂေါပကဥက္ကဋ္ဌဦးမြင့်နိုင်နှင့်ဂေါပက အဖွဲ့ဝင်များ၊ သီဟသုဓမ္မမဏိဇော တဓရ ကျိုက္ကစံဆံတော်ရှင်စေတီ တော်ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုလတ်၊ စံပြရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးကြည်စိုး၊ ကြီးပွား ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကို၊ အမျိုးသားရေးအဖွဲ့ ဝင်များ၊ အရှေ့ပိုင်းခရိုင်အတွင်းမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေး မှူးများ၊ပါတီနာယကများ၊သင်္ဃန်း ကျွန်းမြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများ စုစုပေါင်း ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)